ဘားအံမြို့ဒေသထွက် သခွားသီးဈေးနှုန်း

Powered by Drupal

         ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့အနီးနားတစ်ဝိုက်ကျေးရွာများမှ ဒေသထွက်မိုးသခွားသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

          သခွားသီးတွင် မိုးသခွားနှင့်ဆောင်းသခွားဟူ၍နှစ်မျိုးရှိသည်။ သခွားစိုက်သောမြေနေရာတွင် ရေမဝပ်စေဘဲ ရေစီးရေလာကောင်းသောနေရာများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သစ်ခွားစိုက်ပျိုးရန် အလျားပေ(၃၀) အနံ(၃)ပေရှိ စိုက်ဘောင်များပြုလုပ်ပြီး ဘောင်ပေါ်တွင် တစ်တန်းနှင့်တစ်တန်း (၁.၅)ပေနှင့်တစ်ပင်(၁.၅)ပေခွားပြီး သခွားစေ့များကို စိုက်ပျိုးရသည်။ တစ်ဧကလျှင် သခွားမျိုးစေ့ (၂၀၀) ဂရမ်မှ (၃၀၀) ဂရမ်အထိ ထည့်သွင်းစိုက်ပျိုးပြီး တစ်ဧကလျှင် အပင်ရေ(၁၉.၀၀၀) ထက် စိုက်ပျိုးကြသည်။ မိုးသခွားကို မိုးဦးကာလ မေလနှင့်ဇွန်လတို့တွင် စိုက်ပျိုးကြသည်။ ဒေသခံ တောင်သူများသည် မိုးသခွားသီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ တောင်သူများသည် မိမိတို့၏စိုက်ခင်းမှ ထွက်သောသခွားသီးနှံများကို ဘားအံမြို့ ပေါ်ဈေးများတွင် လာရောက်ရောင်းချကြသည်။ မိုးသခွားသီး ဈေးနှုန်းများမှာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀၊၅၀၀၀) ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ကရင်)