
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ဇွန်လ တတိယပတ် ပဲလက်ကျန်နှင့်ဈေးနှုန်းများမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၀၅၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ခန့်ရှိပါသည်။ လက်ရှိတွင် မြေပဲထွက်ချိန် မဟုတ်ပါ အသစ်များမှာ ဩဂုတ်လလယ်နှင့် စက်တင်ဘာလပိုင်းတို့တွင် ထွက်မည်ဖြစ်ပါသည်။ လက်ရှိလှောင်ပဲလက်ကျန်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၄၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့ တွင် နှမ်းဖြူအသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရို်ငးအိတ်) အိတ် (၈၀၀) ဝန်းကျင်ခန့် ဝင်သည်ဟု ခန့်မှန်းပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၅၅၀၀၀၀ ကျပ် ခန့်ရှိပြီး နှမ်းနက်အသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းနက်အသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၅၀၀) ဝန်းကျင်ခန့် ဝင်သည်ဟု ခန့်မှန်းပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ပဲပုတ် ၂၀၂၆ ခုနှစ်အတွက် လက်ကျန်တန်ချိန် (၁၆၀၀၀) ဝန်းကျင်ရှိကြောင်းနှင့် ဇွန်လ ဒုတိယပတ်တွင် နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၆၅၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၃၄၀၀၀၀ ကျပ် ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၅၉၀၀၀၀ ကျပ်ရှိရာမှ ယခုတစ် ပတ်တွင် ၅၅၀၀၀၀ ကျပ် ရှိကြောင်း၊ ပဲပုတ် ၂၀၂၆ ခုနှစ် အတွက် လက်ကျန်တန်ချိန် (၁၅၅၀၀) ဝန်းကျင်ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန် ၁၆၀၀၀ ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။
DOCA(ရန်ကုန်)
