ကန့်ဘလူမြို့နယ်တွင် တစ်ပိုင်တစ်နိုင် နဂါးမောက်စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိသားစုအပိုဝင်ငွေရရှိစေရန်နှင့် စားဝတ်နေရေးဖူလုံစေရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နဂါးမောက်သီးပင်ကို မိသားစုလုပ်အားဖြင့် စိုက်ပျိုးအောင်မြင်ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

          နဂါးမောက်သီးပင်ကို မိသားစုခြံဝင်းအတွင်း၌ လွန်ခဲ့သော () နှစ်ခန့်ကစတင်၍ စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါ အောင်မြင်ဖြစ်ထွန်းကာ ဆွတ်ခူးရောင်းချနေရပြီဖြစ်သည်။ နဂါးမောက်ပင်သည် ရေဝပ်သည်ကို မကြိုက်သော်လည်း အပူဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ကန့်ဘလူဒေသ ရာသီဥတုနှင့် ကိုက်ညီသော သီးနှံတစ်မျိုးဖြစ်သည်။

          နဂါးမောက်ပင်ကို များသောအားဖြင့် မိုးဦးကျကာလ (မေလနှင့် ဇွန်လ) တို့တွင် စတင်စိုက် ပျိုးကြသည်။ စတင်စိုက်ပျိုးရာတွင် အဓိကကုန်ကျစရိတ်အနေဖြင့် ကျောက်တိုင်၊ ကွန်ကရစ်တိုင်စိုက်ထူခြင်း၊ မျိုးပျိုးပင်ဝယ်ယူခြင်း၊ သဘာဝမြေဩဇာ(နွားချေး/ကြက်ချေး)ဝယ်ယူခြင်းနှင့် စိုက်ပျိုး မြေပြုပြင်ခြင်းတို့ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် အပင် ၅၀ မှ ၁၀၀ ဝန်းကျင် စိုက်ပျိုးမည်ဆိုပါက စတင်စိုက်ပျိုးချိန် သွင်းအားစုကုန်ကျစရိတ်အနေဖြင့် စုစုပေါင်း ငွေကျပ် () သိန်းမှ () သိန်းဝန်း ကျင်ခန့်သာ ကုန်ကျသဖြင့် အရင်းအနှီးနည်းပါးပြီး လုပ်ကိုင်ရလွယ်ကူသော စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။

            နဂါးမောက်ပင်သည် စိုက်ပျိုးပြီး () နှစ်မှ () နှစ်ခွဲအတွင်း စတင်အသီးသီးပြီး အသက် () နှစ်ကျော်ပါက အသီးထွက်နှုန်း ပိုမိုကောင်းမွန်လာသည်။ တစ်နှစ်လျှင် မေလမှ နိုဝင်ဘာလအထိ () လခန့် ကာလအတွင်း အလှည့်ကျ အကြိမ်ရေ ၁၀ ကြိမ်မှ ၁၂ ကြိမ်အထိ ဆွတ်ခူးနိုင်သည်။ တိုင်တစ် တိုင်လျှင် တစ်ကြိမ်ဆွတ်ခူးပါက အလုံးကြီး လုံးမှ ၁၀ လုံးအထိ ထွက်ရှိပြီး တစ်နှစ်ပတ်လုံး ပျမ်းမျှအားဖြင့် တိုင်တစ်တိုင်လျှင် အသီးအလုံး ၃၀ မှ ၅၀ ခန့်အထိ ထွက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဆွတ်ခူးရရှိသော နဂါးမောက်သီးများကို ကန့်ဘလူမြို့ပေါ်ရှိ ဒေသဈေးကွက် တွင်ရောင်းချသည်။ "နဂါးမောက်ပင်က အစပိုင်း တိုင်ထူတာနဲ့ မျိုးဖိုးပဲ ကုန်တာပါ။ နောက်ပိုင်းနှစ်တွေကျတော့ ပေါင်းမြက်ရှင်းတာနဲ့ သဘာဝမြေဩဇာ ကျွေးတာလောက်ပဲ လုပ်ရတော့လို့ ကုန်ကျစရိတ်အများကြီး သက်သာသွားကြောင်း သိရသည်။ ခြံထဲကနေ နေ့စဉ်ရက်ဆက် ဆွတ်ခူးရောင်းချနေရတော့ မိသားစုအတွက် ပုံမှန်နေ့စဉ်ဝင်ငွေရပြီး စားဝတ်နေရေးအတွက် တော်တော်လေး အဆင်ပြေပါတယ်" ဟု ဒေသခံ နဂါးမောက်စိုက်ပျိုးသူ တစ်ဦးထံမှ သိရှိရပါသည်။

          ကန့်ဘလူမြို့နယ်တွင် နဂါးမောက်သီးနှံသည် ပြုစုစောင့်ရှောက်ရ လွယ်ကူခြင်း၊ ပိုးမွှားဒဏ်ခံနိုင်ခြင်းနှင့် နှစ်ရှည်ခံပင် ဖြစ်ခြင်းတို့ကြောင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရန်သင့်တော်သော သီးနှံဖြစ်ကြောင်းနှင့် ယခုအခါ ဒေသခံပြည်သူများ စိတ်ပါဝင်စားမှု ပိုမိုများပြားလာကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)