
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ် တာဝန်ခံရုံးဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ Po ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စားသုံးသူအကာ အကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြု လုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကိုယ်ပိုင်ကျောင်းပိုင်ရှင်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်မှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံး သူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့၌ ပြဌာန်းခဲ့ပြီး အခန်း ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအကာကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်နှင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Pageတွင် လည်းကောင်း၊ မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း ၊ မိမိတို့ဌာန Website ဖြစ်တဲ့ www. doca.gov. mm တွင် လည်းကောင်း ၊ MPT ; mytel ; Telenor ; Oredoo ; SIM Card User များအားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများ ဟောပြောခဲ့ပြီး ဒေါ်ဝေဇင်အောင် အငယ်တန်းစာရေးမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ ဆရာမ(၆)ဦး၊ ကျောင်းသား/သူ(၂၃၀) စုစုပေါင်း (၂၃၆)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
နိဂုံးချုပ်အနေဖြင့် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ် ရေးလုပ်ငန်းသည် တစ်ကြိမ်တစ်ခါဟောပြောဆွေးနွေးရုံဖြင့် ပြီးဆုံးသည့်လုပ်ငန်းမဟုတ်ကြောင်း သားတို့/ သမီးတို့ ကျောင်းသားများအနေဖြင့် စားသုံးသူများ၏လိုက်နာရမည့် တာဝန်များကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေးများကို ဌာန၏ အမိန့်ကြော်ငြာ စာအမှတ် (၂/၂၀၁၉)ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
