
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် သစ်သားအရောင်းဆိုင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ သစ်သားဖိုးငွေကျပ် ၅,၀၂၀,၀၀၀/- ကို ပြန်လည်ပေးရန် ငွေကြေးအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ယခုအချိန်ထိ ပေးအပ်နိုင်ခြင်းမရှိပါ ကြောင်း၊ ၃၁-၃-၂၀၂၃ ရက်နေ့တွင် အကြေပေးအပ်သွားမည်ဖြစ်ပါကြောင်း တင်ပြလာခဲ့ပါသဖြင့် ပြည်နယ်ဦးစီးမှူးက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် စီးပွားရေးလုပ်ငန်းရှင်၏ ကိုယ်စားလှယ်တို့ အားစေ့စပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ရာ တိုင်ကြားသူမှနစ်နာဆုံးရှုံးသည့် သစ်သားတန်ဖိုးငွေ ၅,၀၂၀,၀၀၀/- ကိုပြန်လည်ရရှိပါက တိုင်ကြားမှုကို ကျေအေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်ကလည်း အသိ သက်သေများ ရှေ့မှောက်တွင် သစ်သားတန်ဖိုးငွေ ၅,၀၂၀,၀၀၀/- ကို ပြန်လည်ပေးအပ်ခဲ့ပြီး တိုင် ကြားသူနှင့် လုပ်ငန်းရှင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိပြီး တိုင်ကြားမှုပိတ်သိမ်းကြောင်း သဘော တူညီချက်လက်မှတ် ရေးထိုးစေခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။
