Thursday Talk ကျင်းပပြုလုပ်ခြင်း

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးနှင့် စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံးတို့မှ ပူးပေါင်းကျင်းပသည့် “Thursday Talk” အခမ်းအနားကို ၂၃.၄.၂၀၂၆ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ ၊ ညွှန်ကြားရေးမှူး နှင့် စစ်ကိုင်း တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားရာတွင် “Thursday Talk” ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မား စေရန်နှင့် တိုင်းဒေသကြီးနှစ်ခု၏ ပြည်တွင်းကုန်သွယ်မှုကဏ္ဍများ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါသည်။  မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ အရာထမ်း ၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ပြင်ဦးလွင်ခရိုင်နှင့် ညောင်ဦးခရိုင်ရုံးများမှ အရာထမ်း၊ အမှုထမ်းများ၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက Zoom Meeting ဖြင့်တက်ရောက်ခဲ့ကြပါသည်။

               အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးထက်ဝင်းအောင်၊ ဒုတိယ ညွှန်ကြားရေးမှူးက “အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသက်လွင်ထူး၊ ဦးစီးအရာရှိက ကော်ဖီစိုက်ပျိုးခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်းဟောပြောဆွေးနွေးခဲ့ကြရာဟောပြောဆွေးနွေးချက်များအပေါ်တိုင်းဒေသကြီးဦးစီးမှူးများမှ အပြန် အလှန် ဆွေးနွေးပေးခဲ့ကြပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ပါသည်။

DOCA(မန္တလေး)