
၂၂-၄-၂၀၂၆ ရက်နေ့၊ နေ့လည် (၁၃း၀၀)နာရီအချိန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်း အဝေးခန်းမ၌ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ရှမ်းပြည်နယ် အစိုးရ အဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးအသစ် ဒေါက်တာ လဆိုင်းနှင့် တွေ့ဆုံ၍ လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေပွဲသို့ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင် များအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော လက္ကား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး မိမိတို့၏ အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းထံသို့ တင်ပြဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲအား နေ့လည်(၁၄း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါ သည်။
DOCA (ရှမ်း)
