
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ရှိ ဆန်ဆိုင်များ စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် ဆန်များ ပြတ်လပ်မှု ရှိ/ မရှိအား ဧပြီလ(၂၂) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ပန်းတနော်မြို့ရှိ ဆန်ဆိုင်များမှ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း အနည်းငယ်နှင့် ဒေသထွက်ဆန်များအား ရောင်းချလျက်ရှိပြီး မြို့နယ်အတွင်း စားသုံးရန် ဆန်ပြတ်လပ်မှု မရှိနိုင်ကြောင်း၊ ဆန်အိတ်သိုလှောင်ထားရှိမှု ဆန်လက်ကျန်၊ နေ့စဉ်ရောင်းချမှု ဆန်ရောင်း အားနှင့် ရောင်းချနေသည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ် ၅ ရာခိုင်နှုန်းဖြင့်သာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆန်ဈေးနှုန်းများ မြင်သာအောင်ဈေးနှုန်း ဖော်ပြရောင်းချရန် အသိပညာပေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
