
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေး ရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊ ပဲလွန်းဖြူသီးနှံ သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ တတိယပတ်အတွင်း ပဲလွန်းဖြူတစ်တင်းလျှင် ၇၄၀၀၀ ကျပ်၊ အကွဲအနာ ပါတစ်တင်းလျှင် ၇၃၅၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်၏ဈေးနှုန်း နှင့်နှိုင်းယှဉ်ပါက ယခုပထမပတ်အတွင်း ဒေသတွင်းစားသုံးမှုရှိသော်လည် အခြားတိုင်းဒေသကြီးများ သို့တင်ပို့ရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသောကြောင့် အရောင်းအဝယ်အေး၍ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း၊ ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)
