မအူပင်မြို့နယ်တွင် စီးပွားဖြစ်စိုက်ပျိုးသောနှစ်ရှည် စံပယ်ပန်းဈေးကွက်အခြေအနေ

Powered by Drupal

      မအူပင်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေးအခြေခံမြို့နယ်တစ်ခုဖြစ်ပြီး အဓိကအားဖြင့် မိုးစပါး၊ နွေစပါးတို့အပြင် ဆောင်းသီးနှံအဖြစ် ငရုတ်၊ ရုံးပတီ၊ သံပုရာနှင့် အုန်းချိုမွှေးတို့ကို စီးပွားဖြစ်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ အထူးသဖြင့် ဆောင်းငရုတ်သည် ဧကထောင်ချီစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းသော သီးနှံဖြစ်သည်။

         မအူပင်မြို့နယ်ရှိ အဓိကစိုက်ပျိုးသီးနှံများမှာ မိုးစပါးနှင့် နွေစပါးများကို အဓိက စိုက်ပျိုး ပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သော စံပြစိုက်ခင်းများဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ငရုတ်စိုက်ပျိုးမှုတွင် ဆောင်းသီးနှံရာသီတွင် ငရုတ်ဧက ၆၀၀၀ ကျော်စိုက်ပျိုးပြီး၊ တစ်ဧကလျှင် ပိဿာချိန် ၃၇၀ ကျော်ထွက်ရှိကာ၊ အောင်မြင်ဖြစ်ထွန်းနေသော သီးနှံဖြစ်သည်။ ရုံးပတီသီး စိုက်ပျိုးရလွယ်ကူပြီး စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုများပြားသည်။ သံပုရာသီး မြေအောက်ရေ ကိုအသုံးပြု၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး မိသားစုအပိုဝင်ငွေရရှိသည်။ အုန်းချိုမွှေး: သီးနှံကို ဧက ၂၀ နီးပါးခန့် စိုက်ပျိုးထားသည်။ သီးနှံစိုက်ပျိုးခြင်းမှ နှစ်ရှည် စံပယ်ပန်း စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း စိုက်ပျိုးသူ စီးပွားဖြစ်လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် တလုပ်လပ်ကျေးရွာရှိ တောင်သူများသည် လယ်ယာစိုက်ပျိုးမှုအပြင် သီးနှံမျိုးစုံနှင့် ပန်းမျိုးစုံကိုပါ စိုက်ပျိုးလာကြပြီး၊ ထိုသည့်သီးနှံများထဲမှ စံပယ်ပင်စိုက်ပျိုးခြင်းသည် အပိုဝင်ငွေရရှိစေသည့် လုပ်ငန်းတစ်ခုဖြစ်လာကြောင်း သိရသည်။ မအူပင်မြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများတွင် အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်ခန့် စံပယ်ပန်းကို အဓိကအားထား စိုက်ပျိုးကြသည်။ တောင်သူများသည် မိုးတွင်းကာလများတွင် စံပယ်ပင်များစိုက်ပျိုးပြီး, ငါးလအကြာတွင် စံပယ်ပန်းများ ခူးဆွတ်ရောင်းချနိုင်သည်။ စိုက်ပျိုးမှုအတွက် တစ်ဧကလျှင် ကျပ် ၄၅ သန်းခန့်ကုန်ကျပြီး, တစ်လလျှင် ၂၀၀-၃၀၀ ပိဿာထွက်ရှိနိုင်သည်။ ဈေးကွက်အနေဖြင့် ပန်းပွဲစားများက တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူပြီး, ရန်ကုန်သို့ ပို့ဆောင်ရောင်းချကြောင်း သိရသည်။ ဈေးနှုန်းမှာ ရာသီအလိုက် ကွဲပြားမှုရှိပြီး မိုးရာသီတွင် အထွက်နည်းသဖြင့် ဈေးပိုကောင်းတတ်သည်။ ဥပမာအားဖြင့် နွေရာသီစံပယ်တွင် အဖူး ၁,၀၀၀ လျှင် ရန်ကုန်ဈေးကွက်တွင် ငွေကျပ် ၆၀,၀၀၀ မှ ၉၀,၀၀၀ ဝန်းကျင်အထိ ရရှိနိုင်သလို၊ ပန်းရှားပါးချိန်တွင် ငွေကျပ် ၂ သိန်းကျော် အထိ ဈေးတက်လေ့ရှိသည်။ ယနေ့ စံပယ်ပန်း/စံပယ်ဖူး (တစ်ကုံး/တစ်တွဲ) ပုံမှန်အားဖြင့် အရွယ်အစားနှင့် အပွင့်အရေအတွက်ပေါ် မူတည်၍ ၅၀၀ ကျပ် မှ ၃,၅၀၀ ကျပ် ဝန်းကျင်တွင် ရောင်းချနေသည်။ သင်္ကြန်ကာလအပြီးနှင့် အခါကြီးရက်ကြီးများတွင် ဝယ်လိုအား မြင့်တက်တတ်သဖြင့် ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်ပါသည်။ စံပယ်ပင်သည် နှစ်ရှည်ပင်ဖြစ်သဖြင့် တောင်သူများအတွက် လစဉ်ဝင်ငွေတစ်ခုဖြစ်လာနိုင်မည့်လုပ်ငန်းအဖြစ် စိတ်ဝင်စားမှုများလာကြောင်း တောင်သူများထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)