မိသားစု ဝင်ငွေတိုးဖို့ အာလူးစိုက်ပျိုးစို့

Powered by Drupal

 

          ကယားပြည်နယ်၊လွိုင်ကော်မြို့သည် သဘာဝတောတောင်ရေမြေအလှတို့နှင့် လှပ သော မြို့တစ်မြို့ဖြစ်ပြီး လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်တို့တွင် နေထိုင်သော ကျေး လက်နေ တောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် စားဖိုဆောင်သီးနှံ တစ်ခု ဖြစ်သောအာလူးကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကယား ပြည်နယ်အတွင်း အာလူးကို (မိုး)နှင့် (ဆောင်း) နှစ်ရာသီခွဲ၍ စိုက်ပျိုးကြောင်း  မိုး စိုက်ဧက ၃ ဧက၊ ဆောင်း အာလူး ၁၅၉  ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများ အရသိရှိရပါသည်။ စိုက်ပျိုးထားသော (မိုး)အာလူးကို ၃ ဧကလုံး ရိတ်သိမ်းထားပြီးဖြစ် ကြောင်း ရိတ်သိမ်းထားသော အာလူးများကို ပြည်နယ်အတွင်းရှိဈေးကွက်တွင် တစ်ပိဿာ လျှင်ကျပ် ၄၀၀၀ ၊ ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

          ဆောင်း အာလူးကို အောက်တိုဘာလ မှ နိုဝင်ဘာလကုန် အချိန်သည် မြေအစိုဓာတ် ရှိနေချိန်ဖြစ်၍ စိုက်ပျိုးရန်သင့်တော်သောအချိန်ဖြစ်သည်။ အာလူးသည် ရေဝပ်ခြင်းကို လုံးဝ မကြိုက်သဖြင့် ရေထုတ်မြောင်းများ ကောင်းစွာပြုလုပ်ရန်လိုအပ်သည်။  စိုက်ပျိုးရာတွင် ထွန်မွှေ ၊ စိုက်ကြောင်းဆွဲပြီး ကျင်းဖောက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ တစ် ဧက ကုန်ကျ စရိတ်အနေဖြင့် မျိုး ၊ စိုက်ခင်းပြင်၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ တူးဖော်ရိတ်သိမ်း၊ သွင်း အားစု ၊ အလုပ်သမားခအပါအဝင် စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်  (၁၃၄၀၀၀၀ /-) ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း၊  တစ်ဧက အထွက်နှုန်း ပိဿာ ၂၀၀၀ တစ်ပိဿာ  ၅၀၀၀ ကျပ် ဈေးနှုန်းဖြင့် ရောင်းလျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ၉၆၆၀၀၀၀ ဝန်းကျင်မြတ် ကြောင်း၊ တစ် ဧက ဝင်ငွေအနေဖြင့် ၁၁၀၀၀၀၀၀ ဝန်းကျင်ခန့် ဝင်၍ ကုန်ကျစရိတ် နှင့် ဝင် ငွေအချိုးမှာ ၁:၈.၂ ခန့် အချိုးဖြစ်၍  စီးပွားဖြစ်စိုက်ပျိုးသင့်သော စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ကယား)