
မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်များမှကြိတ်ခွဲပြီး ထွက်ရှိလာသော ဆန်/ဆန်ကွဲများကို ရန်ကုန်သို့ အဓိကထားတင်ပို့လျက်ရှိပါသည်။ ၂၀၂၆ခုနှစ် မတ်လ ၁လအတွင်း ဆန် ၄၅၄၉၅ အိတ်နှင့် တန်အားဖြင့် ၂၂၇၄တန်၊ ဆန်ကွဲအနေဖြင့် ၁၁၁၃၃ အိတ်၊ တန်အားဖြင့် ၅၅၆ တန်၊ တင်ပို့ခဲ့ကြောင်းသိရသည်။ ယခင်လ တင်ပို့မှုဖြင့် နှိုင်းယှဉ်ပါက ဆန် ၉၁၁၆အိတ် နှင့် ဆန်ကွဲ ၃၄၀၈ အိတ် ပိုမိုတင်ပိုလာကြောင်း ပန်းတိုင်နယ်စပ်ဖြတ်ကျော်ဂိတ်စာရင်းများအရ သိရသည်။ တိုင်းဒေသကြီး အခြားမြို့နယ်များမှ ဆန်/ဆန်ကွင် တင်ပို့မှုအနေဖြင့် မတ်လက ဆန် ၈၈၈၉၇၀ အိတ် ဆန်အားဖြင့် ၄၄၄၄၈တန်၊ ဆန်ကွဲ ၁၇၈၂၆၁ အိတ် တန်အားဖြင့် ၈၉၁၃ တန် တင်ပို့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အနေဖြင့် ဆန်စက် ၂၅ စက်ရှိပြီး ဒေသထွက်ရှိသော ဆန်နှင့် ဆန်ကွဲများကို ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှု ဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့တို့သို့ တင်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
