ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဖြင့် ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ကချင်ပြည်နယ်အတွင်း ဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး၊ ဆန်စပါးဈေးနှုန်း တည်ငြိမ်စေရေးအတွက် ၂၀-၈-၂၀၂၆ ရက်နေ့တွင် ခရိုင်ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဦးဇေယျာအောာင် (စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ဦးစီးမှူး) ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စက်မှုကြီးကြပ်‌ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနများပါဝင်သော ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် မြစ်ကြီးနားမြို့ရှိ ဆန်အရောင်း ဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူးက ဆန်ရောင်းဝယ်သည့် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆန် အိတ်များ အလေးချိန် အချင်အတွယ်မှန်ကန်စေရေး၊ ဈေးနှုန်းအနေဖြင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့်သာ ရောင်းချစေ‌ရေး၊ လတ်တလောကာလ၌ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးကြန့်ကြာနေမှုအပေါ် အခွင့်ကောင်းယူ၍ ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင် မှုမရှိစေ‌ရေး အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ  အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသောသိုလှောင်ရုံများအား MyRo စနစ်တွင် မှတ်ပုံတင်နိုင်ရေးဆောင်ရွက်ရန် လုပ်ငန်းရှင်များအား အသိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)