စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦး‌ဘောမ်ဇုံး(ရုံးအုပ်)နှင့် ဦးရဲရင့်ဖြိုး(အကြီးတန်းစာရေး)တို့သည်  ၇-၄-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ဒူကထောက်ရပ်ကွက် အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်း ချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။       

          ထိုသို့ ဆွေးနွေးရာတွင် ဦး‌ဘောမ်ဇုံး ( ရုံးအုပ် )က စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁)၊ ပုဒ်မ၂(ဂ)အရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ဖြန့်ဖြူးခြင်း၊သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင် သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်း ကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေ အခန်း  (၁၀)၊ ပုဒ်မ ၂၁အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ် ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှု မရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်းစသည့်အချက်များအကြောင်းအပြင်ဥပေဒအခန်း (၁၄) ပုဒ်မ ၂၇အရ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းနှင့် ကျန်းမာ‌ရေးဝန်ကြီးဌာနမှ အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အမိန့်ထုတ်ပြန်ခြင်းအကြောင်း၊ အီလက်ထရောနစ်အငွေ့ရှူစက်ဖြစ်သည့် အီလက်ထရောနစ် စီးကရက် ကဲ့သို့သော ပစ္စည်းများအကြောင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများသုံးစွဲရာတွင် သတိပြုဆောင်ရွက် သင့်သည့် အချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက် အကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)