မအူပင် ဆန်ဆိုင်ကြီးများအား ဈေးနှုန်းတည်ငြိမ်စွာရောင်းချရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနာဆိုင်ရာများပူပေါင်း၍ မြို့နယ်အတွင်း ဆန်ဆိုင်များအား စျေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၆ခုနှစ် ဧပြီလ ၂ ရက်နေ့  နံနက် (၀၉း၀၀)နာရီခွဲအချိန်တွင် မအူပင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ကုန်စည်စျေးနှုန်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါ ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန  စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးမှ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ စျေးတာဝန်ခံတို့က မြို့နယ်၊ ရပ်ကွက်များအတွင်းနှင့် မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များသို့သွားရောက်၍ ဆန်အမျိုးအစားအလိုက်သတ်မှတ်၍ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချရန်အတွက် ဆန်သိုလှောင်ထားရှိမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ MyRo မှတ်ပုံတင်လုပ်ငန်းများ သက်တမ်းပြည်မီပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန်နှင့် ဆန်ဆိုင်ကြီးများမှ ဆန်သိုလှောင်မှု ပမာဏထက် ကျော်လွန်ပါက ပိုမိုသိုလှောင်ခွင့်မရှိ သိုလှောင်ပါက အရေးယူခံရမည်ဟူသောသတင်းမှာ မမှန်ကန်ကြောင်းနှင့် မိမိတို့သက်တမ်းတိုးရာတွင် သိုလှောင်ပမာဏများကို ဖြည့်သွင်းထားပြီး ပြောင်းလဲမှုကုန်ရကုန်ထုတ်များ အပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအဆင်ပြေချောမွေစွာ လုပ်ကိုင်ရန်အတွက် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)