
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show)ကို ၂၀၂၆ခုနှစ် ဧပြီလ ၂ ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ယခုအချိန်တွင် Online Shopping များ ရောင်းဝယ်ခြင်းဆိုင်ရာလုပ်ငန်းများတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးအောင်ကျော်သက်က အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များအတွက် စားသုံးသူကာကွယ်ရေးအခွင့်အရေးများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင်စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရခြင်းများ Online Shopping Page တွင် ဖော်ပြထားသည့်ဆက်သွယ်ရန်ဖုန်းနံပါတ် လိပ်စာများအား မြေပြင်တွင်အမှန်တကယ်ရှိမရှိ စစ်ဆေးရန်လိုအပ်ခြင်း၊ ကုန်ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းများ၏ ပစ္စည်းလက်ခံပြေစာများကို အတုပြုလုပ်ခြင်းများရှိသဖြင့် သေချာစွာစစ်ဆေးရန်ဆွေးနွေးခဲ့ပြီး၊ စားသုံသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းရောင်းဝယ်မှုကဏ္ဍများတွင် စားသုံးသူ၏အခွင့်အရေးများ ထိခိုက်နစ်နာပါက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉ )အပါအဝင် အခြားတည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ စားသုံးသူတိုင်ကြားမှုများကို (www.doca.gov.mm)၊ Facebook Pages၊ Messengerနှင့် Consumer Call Center Hotline 1535 တို့ကို တိုင်ကြားနိုင်သည့်အကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
