
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုလတွင် ထောပတ်ပဲများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထောပတ်ပဲကို ပခုက္ကူ ခရိုင်အတွင်းရှိ ကျွန်းများ၊ ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထုတ်လုပ် လျက်ရှိပါသည်။ ပခုက္ကူခရိုင်တွင် ထောပတ်ပဲ စိုက်ပျိုးဧကမှာ ၂၃၀၀ ကျော်ရှိပြီး ရာသီဥတုနှင့် မြေအမျိုးအစားပေါ်မူ တည်၍ တစ်ဧကထွက်နှုန်းမှာ တင်း(၂၀)မှ (၂၅)တင်းထိ ထွက်ရှိကြောင်း၊ တစ်ဧကလျှင် တစ်တင်း စိုက်ပျိုးရကြောင်း၊ ထောပတ်ပဲကို သီတင်းကျွတ်မှ စတင်စိုက်ပျိုးကြပြီး တပေါင်းတန်ခူးတွင် အသီး များခူးဆွတ်ရကြောင်း တောင်သူများထံမှ သိရှိသည်။ ထောပတ်ပဲကို စတင်စိုက်ပျိုးချိန်မှစ၍ တစ်လခွဲ အကြာတွင် အပွင့်များစတင်ပွင့်ပြီး အပွင့်ပွင့်ချိန်တွင် အသီးအားတိုးဆေး ကောမတ်မြေဩဇာ ကျွေးရ ကြောင်း၊ တစ်ဧကလျှင် လုပ်သားခ၊ မျိုးအပါအဝင် ကျပ်(၄)သိန်းကျော် ကုန်ကျကြောင်း စိုက်တောင်သူ များထံမှ သိရှိရပါသည်။
ဈေးနှုန်းအနေဖြင့် မတ်လ(ဒုတိယပတ်)မှစ၍ ကုန်စည်ဒိုင်သို့ စတင်အရောင်း အဝယ်ဖြစ်လျက် ရှိပြီး တစ်တင်းလျှင် ကျပ်(၇၀၀၀၀)၊ မတ်လ(တတိယပတ်)တွင် ထောပတ်ပဲ အမျိုးအစားပေါ်မှုတည်၍ ထောပတ်ပဲ(ကျွန်း) တစ်တင်းလျှင်ကျပ် (၇၂၀၀၀)၊ ထောပတ်ပဲ(ယော) တစ်တင်းလျှင်ကျပ် (၈၈၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး (စတုတ္ထပတ်)တွင် ထောပတ်ပဲ(ကျွန်း) တစ်တင်းလျှင် ကျပ်(၈၈၂၀၀-၉၀၀၀၀)၊ ထောပတ်ပဲ(ယော) တစ်တင်းလျှင်ကျပ်(၉၂၀၀၀)ဖြစ်၍ မတ်လ(တတိယပတ်)နှင့် နှိုင်းယှဉ် ပါက ထောပတ်ပဲ(ကျွန်း) ကျပ် (၁၆၂၀၀)၊ ထောပတ်ပဲ(ယော) ကျပ်(၄၀၀၀)ခန့် ဈေးတက်နေပြီး နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ်မှုမှာ အိတ်ရေ (၂၀၀ မှ ၅၀၀)ထိ ဝင်ရောက်ခဲ့ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်တွင်တစ်လျှင် အိတ်ရေအားဖြင့် (၄၀၀၀)ကျော် တင်ပို့နေကြောင်း ဥပုသ်နေ့မှ လွဲ၍အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)
