ဆိပ်ဖြူကြက်သွန်နီ မတ်လ(စတုတ္ထပတ်) ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှုအခြေအနေ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း ကို အဓိကအားထား လုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံမှ ကြက်သွန်နီသီးနှံကို ရေ၊ မြေရာသီဥတု နှင့် ကိုက်၍ သီးနှံဖြစ်ထွန်းမှုရှိ၍ အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးကြသည်။ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီ သီးနှံကို မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက် ရှိသည်။

          ၂၀၂၆ ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးအကျဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ သည်။ ဈေးကွက်သို့ ကြက်သွန်နီစိုက်ပျိုးမှုများသော ဒေသတွင်း ကျေးရွာများမှ ဝင်ရောက်ကြောင်း၊ ပွဲရုံဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းသော်လည်း မြို့ပေါ်ရှိ ပွဲရုံများမှ သိုလှောင်ထားရှိသော ကြက်သွန် နီများ အရောင်းအဝယ်ဖြစ်ပြီး ကုန်စည်စီးဆင်းမှု များကြောင်း ဈေးကွက်မှ သိရှိရသည်။ ကုန်စည်ဒိုင် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်မှုနည်းပြီး တစ်ရက် ပျမ်းမျှပိဿာကုန်ချိန် (၃)သောင်းခန့် ဝင်ရောက် ကြောင်းသိရှိရသည်။

               ဈေးနှုန်းအနေဖြင့် မတ်လ(စတုတ္ထပတ်)တွင် ကြက်သွန်နီအရည်အသွေးလိုက်၍ တောဈေး (ဂျွန်) တစ်ပိဿာလျှင် ကျပ်(၁၀၀၀-၁၄၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် မတ်လ(ပထမပတ်)တွင် ကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ်(၈၀၀-၁၂၅၀)ဈေးဖြင့် အရောင်း အဝယ် ဖြစ်ခဲ့၍ ယခင်ယခုဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ကြက်သွန်နီ တောဈေး (ဂျွန်) တစ်ပိဿာလျှင် ကျပ်(၁၅၀)ခန့် ဈေးအနည်းငယ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ (ဂျွန်)ကြက်သွန်နီများကို ပွဲရုံများမှ ပြန်လည်သန့်စင်ပြီး ကြက်သွန်နီဥ အရွယ်အစား၊ အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၈၀၀-၁၀၀၀)ဈေးအသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေး အတွင်း ဆိုင်များနှင့် ရပ်ကွက်ဈေးဆိုင်များတွင်လည်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၆၀၀-၂၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။

          ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင် ပွဲရုံသို့ နေ့စဉ် (၁၂)ဘီးကားများဖြင့် တင်ပို့လျက်ရှိပြီး ပြည်ပဈေးကွက်အနေဖြင့် မြဝတီ၊ မော်လမြိုင် မြို့များမှ တဆင့် ထိုင်း၊ ဗီယမ်နမ် နိုင်ငံများသို့ တင်ပို့ကြောင်း၊ မတ်လ(စတုတ္ထပတ်)တွင် ကြက် သွန်နီကုန်ချိန် ပိဿာ (၄)သိန်းခန့်၊ တန်ချိန်အားဖြင့် (၇၅၂)တန်ချိန် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါ သည်။

DOCA(မကွေး)