
မြင်းခြံကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် ကြက်သွန်နီသီးနှံမျိုးစုံ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၆ခုနှစ်၊ မတ်လတွင် မြေပဲS1 လုံးဆံ တစ်တင်းလျှင် (၁၆၅၀၀၀)ကျပ်၊ ဆီဆံတစ်တင်းလျှင်(၁၄၄၀၀)ကျပ်၊ ပြန်လုံးဆံတစ်တင်းလျှင်(၁၆၅၀၀၀)၊ ပြန့်ဆီဆံ တစ်တင်းလျှင်(၁၅၈၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၁၁၉၀၀၀)ကျပ်၊ ဆီနေကြာတစ်ပိဿာလျှင် (၇၈၀၀-၈၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် မြေပဲဆံတစ်တင်းလျှင် (၅၅၀၀)ကျပ်ခန့် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်းသိရှိရသည်။ နေ့စဉ် အိတ်ရေ (၂၅၀-၃၀၀) အိတ်ခန့်အရောင်းအဝယ် ပြုလုပ်ကြကြောင်း၊ စားသုံးမှုအနေဖြင့် ဒေသတွင်းဆီကြိတ်ခွဲ စားသုံးကြသလို ပဲကြော်လုပ်ငန်း များမှလည်း ဝယ်ယူအသုံးပြုကြကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် လှိုင်သာယာမြို့၊ ရွှေပြည်သာမြို့နှင့်မန္တလေးမြို့၊ ပခုက္ကူမြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။ အရောင်းအဝယ်ပြုလုပ်ရာတွင် ကုန်စည်ဒိုင်၏ စည်းမျဉ်းစည်ကမ်းများအတိုင်း အရောင်းအဝယ်ပြုလုပ်ကြကြောင်း ပွဲရုံလုပ်ကိုင်သူတစ်ဦးပြောပြချက် အရသိရှိရသည်။
DOCA(မန္တလေး)
