အာဖရိကဈေးကွက်များတွင် ပို့ကုန်တိုးမြှင့်ရန်အတွက် အခွင့်အလမ်းများ ပိုင်ဆိုင်ထားသည့် ဗီယက်နမ်လုပ်ငန်းများ

Powered by Drupal

          ဆီနီဂေါနှင့် တူနီးရှားနိုင်ငံများကိုပါ တာဝန်ယူရသည့် အယ်လ်ဂျီးရီးယားရှိ ဗီယက်နမ် ကုန်သွယ်ရေးရုံးသည် ဗီယက်နမ် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများ ၄၀ ကျော်တို့နှင့်အတူ အဆိုပါ သုံးနိုင်ငံစျေးကွက်များသို့ တင်ပို့ရေးဆိုင်ရာ အကြံပေးဆွေးနွေးပွဲတစ်ရပ်ကို မတ် ၂၆ ရက်နေ့တွင်  ကျင်းပခဲ့ကြောင်း သိရပါသည်။ ထိုအစီအစဉ်သည် အာဖရိကရှိ အလားအလာကောင်းသော စျေးကွက်များအကြောင်း နောက်ဆုံးပေါ်သတင်းအချက်အလက်များပေးအပ်ရန် ရည်ရွယ်သည့် ပုံမှန်ဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးအကြံပေး Hoang Duc Nhuan က ဗီယက်နမ်ထုတ်ကုန်များသည် လူဦးရေ ၄၈ သန်းကျော်ရှိပြီး သွင်းကုန်လိုအပ်ချက်မြင့်မားသော အယ်လ်ဂျီးရီးယားသို့ တင်ပို့ရာတွင် သင့်လျော်ကောင်းမွန်သည့် အခြေအနေများကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြား ကာလကြာရှည်အပြုသဘောဆောင်သော နိုင်ငံရေးဆက်ဆံမှုရှိပြီး ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံ ဗျူဟာမြောက်မိတ်ဖက်အဆင့်သို့ မြှင့်တင်ထားသလို နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား အပြန်အလှန်စိတ်ဝင်စားမှုများလည်း မြင့်တက်လာနေကြောင်း သိရပါသည်။ ဗီယက်နမ်ထုတ်ကုန်များသည် အရည်အသွေးနှင့် စျေးနှုန်းနှစ်မျိုးစလုံးတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သိရပါသည်။ အယ်လ်ဂျီးရီးယားနိုင်ငံသည် နှစ်စဉ် ကော်ဖီ ၁၃၀,၀၀၀ တန်ခန့် သွင်းယူပြီး အဓိကအားဖြင့် မပြုပြင်ရသေးသော ရိုဘတ်စတာကော်ဖီစေ့များဖြစ်ကြောင်း သိရပါသည်။ ထိုစျေးကွက်တွင် ဗီယက်နမ်သည် ၇၀,၀၀၀ တန်ခန့် (စုစုပေါင်းတင်ပို့မှု၏ တစ်ဝက်ကျော်) ဖြင့် ခန့်မှန်းဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀ ခန့် ရရှိနေပြီး ကော်ဖီသည် နောက်လာမည့်ကာလတွင်လည်း အဓိကပို့ကုန်တစ်ခုအဖြစ် ဆက်လက်တည်ရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ ထို့အပြင် သီဟိုဠ်စေ့များ၊ အုန်းသီး၊ ငရုတ်ကောင်း၊ သစ်ကြံပိုးနှင့် နာနတ်ပွင့်ကဲ့သို့သော စိုက်ပျိုးရေး ထွက်ကုန်များအတွက်လည်း ဝယ်လိုအားမြင့်မားနေကြောင်း သိရပါသည်။ ပင်လယ်စာများသည်လည်း အယ်လ်ဂျီးရီးယားသို့ ဗီယက်နမ်၏ အဓိကပို့ကုန်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၉ သန်း မှ ၁၀ သန်းခန့် ဝင်ငွေရရှိစေကြောင်း သိရပါသည်။ ထို့ပြင် မော်တော်ယာဉ်၊ အပိုပစ္စည်းများ၊ အထည်အလိပ်၊ အားကစားဖိနပ်၊ ကုန်ကြမ်းနှင့် ဓာတုပစ္စည်းများကဲ့သို့ စက်မှုကုန်ပစ္စည်းများလည်း တင်ပို့နိုင်ခြေကောင်းမွန်နေကြောင်း သိရပါသည်။ ဆီနီဂေါနိုင်ငံသည် လူဦးရေ ၁၉ သန်းခန့်သာရှိသော်လည်း အာဖရိကတွင် စီးပွားရေးပိုမိုတံခါးဖွင့်ထားပြီး ပေါင်းစည်းမှုမြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်ကာ နိုင်ငံရေးတည်ငြိမ်မှု၊ အခြေခံအဆောက်အအုံများနှင့် ဆိပ်ကမ်းများ၊ လေဆိပ်များကောင်းမွန်ခြင်းကြောင့် ပတ်ဝန်းကျင်ကုန်းတွင်းပိတ်နိုင်ငံများသို့ ကုန်ပစ္စည်းဖြန့်ချိရာတွင် အရေးပါသောသယ်ယူပို့ဆောင်ရေးဗဟိုဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်၏ အဓိကပို့ကုန်များမှာ ဆန်၊ ငရုတ်ကောင်းနှင့် သစ်သီးဝလံများဖြစ်ပြီး ဆီနီဂေါသည် နှစ်စဉ် ဆန်တန်ချိန် ၉၀၀,၀၀၀ မှ ၁ သန်းအထိ တင်သွင်းလေ့ရှိကြောင်း သိရပါသည်။ ထို့အပြင် ဆီနီဂေါတွင် ဗီယက်နမ်နှင့် အာရှလူမျိုးအသိုင်းအဝိုင်းများ၊ ဗီယက်နမ်စားသောက်ဆိုင်များ တည်ရှိခြင်းကြောင့် ဆန်ပြား၊ မုန့်ခြောက်နှင့် ငါးချဉ်ရည်ကဲ့သို့ အစာခြောက်များအတွက် စျေးကွက်ချဲ့ထွင်ရန် အခွင့်အလမ်းများလည်း တည်ရှိနေကြောင်း သိရပါသည်။ တူနီးရှားနိုင်ငံသည် အရွယ်အစားအသေးငယ်သော်လည်း အာဖရိက-အာရပ်ဒေသတွင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားပြီး အားကောင်းသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရပါသည်။ ဥရောပနှင့် ၁၄၀ ကီလိုမီတာသာ ကွာဝေးသည့်တည်နေရာကြောင့် ကုန်သွယ်ရေးအတွက်အရေးပါပြီး အာဖရိကကုန်သွယ်ရေး သဘောတူညီချက် (AfCFTA) ကို စတင်အကောင်အထည်ဖော်ခဲ့သော နိုင်ငံများထဲတွင် ပါဝင်ကြောင်း သိရပါသည်။ တူနီးရှားသည် နှစ်စဉ် ရိုဘတ်စတာကော်ဖီ ၃၀,၀၀၀ တန်ခန့်၊ ဆန် ၃၀,၀၀၀ တန်နှင့် သကြား ၃၆၀,၀၀၀ တန်ခန့် တင်သွင်းလေ့ရှိပြီး ဗီယက်နမ်အပါအဝင် အခြားနိုင်ငံများမှ ကုန်ပစ္စည်းများအတွက် အာဖရိက-အာရပ်စျေးကွက်သို့ ဝင်ရောက်ရန် ဂိတ်တံခါးဝတစ်ခုအဖြစ် ဆောင်ရွက်နိုင်ကြောင်း သိရပါသည်။ သို့သော် Nhuan က သိသာ ထင်ရှားသောပို့ကုန်အလားအလားပိုင်ဆိုင်ထားသော်လည်း အချို့အာဖရိကနိုင်ငံများတွင် သွင်းကုန် အခွန်နှုန်းမြင့်မားနေသေးကြောင်း ပြောကြားခဲ့ပါသည်။ ဥပမာအားဖြင့် အယ်လ်ဂျီးရီးယားတွင် အခွန်နှုန်းသည် ၃၀% အထိရှိနိုင်ပြီး VAT ၁၉%၊ withholding tax ၂% နှင့် solidarity tax ၃% တို့ပါ ထပ်မံပေးဆောင်ရနိုင်ကြောင်း သိရပါသည်။ ထို့ပြင် ကုန်ပစ္စည်းအမျိုးအစားအလိုက် Safeguard အခွန် ၃၀% မှ ၂၀၀% အထိ သက်ရောက်နိုင်ကြောင်း သိရပါသည်။ ထို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်များအား ယုံကြည်စိတ်ချရသော မိတ်ဖက်များကို ရွေးချယ်ကာ လုံခြုံသော ငွေပေးချေမှုနည်းလမ်းများ (ဥပမာ - irrevocable L/C) ကို အသုံးပြုရန်နှင့် စာချုပ်တန်ဖိုး၏ အနည်းဆုံး ၂၀% အပ်နှံစေသော စနစ်များကို လက်ခံရန်အကြံပြုထားပြီး နောက်မှပေးချေသည့် စနစ်များကို ရှောင်ကြဉ်သင့်ကြောင်းလည်း အကြံပြုခဲ့သည်ဟု သိရပါသည်။ ထို့အပြင် မူဆလင် လူဦးရေများပြားသည့် နိုင်ငံများတွင် စားသုံးသူအကြိုက်နှင့် ယဉ်ကျေးမှုကိုနားလည်ခြင်း၊ အထူးသဖြင့် အသားနှင့်ဆိုင်သော အစားအစာများအတွက် ဟာလာ (Halal) လက်မှတ် ရရှိထားရမည့် လိုအပ်ချက်သည်လည်း အရေးကြီးကြောင်း Nhuan ကထပ်မံပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)