သဲကုန်းမြို့နယ်တွင် မတ်ပဲ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး(အနောက်)၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ညောင်ဝန်းအုပ်စု၊ ညောင်ဝန်းရွာတွင် ဆောင်းသီးနှံ ပဲမျိုးစုံနှင့် ဟင်းသီး/ဟင်းရွက်သီးနှံများကိုလည်း  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ မတ်ပဲသီးနှံကို စိုက်ဧက (၄၀၀)ခန့် စိုက်ပျိုးကြောင်း သိရသည်။

         မတ်ပဲသီးနှံ(ဆောင်း)ကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး၃လကျော်အကြာတွင် ရိတ်သိမ်းရကြောင်း မျိုးအနေဖြင့် ဒေသအခေါ် စာပါးစပ်ပဲနှင့် ပဲကစွန်းမျိုးများကို ထွန်ယက်၊ ကျဲပက်စိုက်ပျိုးကြပြီး တစ်ဧက မျိုး (၂)တင်းခန့် စိုက်ပျိုးရကြောင်း စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုင်ခ၊ သွင်းအားစု၊ ရိတ်သိမ်းခ၊ လုပ်သားခအပါအဝင် တစ်ဧက စုစုပေါင်း ငွေကျပ် (၁၀)သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်  တစ်ဧက (၁၇-၁၉) တင်းခန့် ထွက်ရှိရာ မြေအနေထားနှင့် သီးနှံအထွက်နှုန်းအပေါ်မှုတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခု ၂၀၂၆ခု မတ်လ တတိယပတ်၌ တစ်တင်းလျှင် ငွေကျပ်( ၉၇၀၀၀-၉၉၀၀၀) ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် (၈)သိန်းကျော် ခန့်ရရှိကြောင်း ဈေးကွက်အနေဖြင့် သဲကုန်းမြို့နယ်ပွဲရုံများသို့ ရောင်းချပြီး ပွဲရုံများမှတဆင့် ကားများဖြင့် ရန်ကုန်မြို့သို့ တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)