
တောင်ငူမြို့ညောင်ပင်လေးဈေး၊ ဘုရင့်နောင်ဈေး၊ ကရင်မဈေး၊ မြစည်းခုံဈေး အစရှိသောဈေးများတွင် ဘုရားပန်းမျိုးစုံရောင်းချသော်လည်း ယခုပူပြင်းသည့် နွေရာသီတွင် အပွင့်ပန်းများမှာ နေပူရှိန်ကြောင့် ကြာရှည်မခံသည့်အတွက် ဇော်စိမ်း (ခေါ်) အုန်းစိမ်းပန်းများ ဈေးကွက်အတွင်း အရောင်းသွက်နေကြောင်း သိရှိရသည်။
ဇော်စိမ်းအစိမ်းရောင်အပင်ကို စက္ကူပန်းရောင်စုံဖြင့် အလှဆင်ကာ ရောင်းချကြပြီး အရောင်ပေါ်မူတည်၍ ဈေးနှုန်းမှာလည်း ကွာခြားမှုရှိပါသည်။ စက္ကူပန်းဖြင့်အလှဆင်ထားသည့် အုန်းစိမ်းပန်း ရောင်စုံ (၅) ပင်ပါ (၁)စည်းလျှင် ၂၀၀၀ ကျပ်၊ (၃) စည်း လျှင် ၅၀၀၀ ကျပ်၊ အဖြူကြားနှင့်အဝါကြား အုန်းစိမ်းပန်းပင် (၅) ပင်ပါ (၁) စည်းလျှင် ၁၅၀၀ ကျပ်၊ (၃) စည်းလျှင် ၄၀၀၀ ကျပ် ဈေးနှုန်း အသီးသီးရှိပြီး (၁၅) စည်းနှင့်အထက် ဖောက်သည်ယူပါက ဈေးနှုန်းမှာ အပြောင်းအလဲရှိကြောင်း ဘုရားပန်းရောင်းသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။
DOCA(ပဲခူး)
