
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီများပုံမှန်ရောင်းချပေးနိုင်ရန်နှင့် စက်သုံးဆီမလိုအပ်ဘဲ ဝယ်ယူစုဆောင်းခြင်း၊ ဝယ်ယူခြင်းမရှိစေရေးတို့အတွက် မြို့နယ်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် မတ်လ(၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်း စက်သုံးဆီရောင်းချသော A pex (ရတနာ)စက်သုံးဆီဆိုင်၊ MIN NYUNT စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ စက်သုံးဆီရောင်းချဈေးနှုန်း၊ စက်သုံးဆီအမျိုးအစားအလိုက် ဆိုင်လက်ကျန် ကျန်ရှိနေမှုများအား စစ်ဆေးခြင်းနှင့် စက်သုံးဆီများကို မလိုအပ်ဘဲ ဝယ်ယူမှုများမရှိစေရေး၊ စက်သုံးဆီများကို ဝယ်ယူစုဆောင်းပြီး သိုလေှာင်မှုများ ရှိပါက မီးဘေးအန္တရာယ်များ ရှိလာနိုင်၍ စက်သုံးဆီ အရောင်းဆိုင်များမှ စက်သုံးဆီများအား စနစ်တကျ ထိန်းသိမ်းရောင်းချကြရန်တို့ကို အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
