မအူပင်ခရိုင်အတွင်း မြို့နယ်များတွင် စားအုန်းဆီရောင်းချသည့် လက္ကား၊ လက်လက်လီဆိုင် လုပ်ငန်းရှင်များအား စားအုန်းဆီဖြန့်ဖြူးရောင်းချမှုများ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဟော ပြောတွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနဖြူမြို့နယ်များတွင် စားအုန်ဆီရောင်းချသည် လက္ကား၊ လက်လီဆိုင်များအား ဈေးနူန်းမြင့်တင် ရောင်းချမူမရှိစေရေး၊ သတ်မှတ်ရည်ညွန်းဈေးအတိုင်း ရောင်းချရေး၊ ရရှိခွဲတမ်းများအပြည့်အဝရောင်းချပေးရေး အသိပေးဆောင်ရွက်မူများကို မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်း လက်ထောက်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် (၇-၃-၂၀၂၆) မှ (၈-၃-၂၀၂၆)ရက်နေ့အတွင်း မြိုနယ်များရှိ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်အစည်းအဝေးခန်းမများတွင် လုပ်ငန်းရှင်များကို ဖိတ်ကြား တွေ့ဆုံ၍ ကွင်းဆင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

       ဆွေးနွေးဆောင်ရွက်ရာတွင် မြို့နယ်အသီးသီးရှိ စားအုန်းဆီ လက်ကား/လက်လီရောင်းချသူ လုပ်ငန်းရှင်များကို စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်ချက်များ၊ အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းဖတ်ကြားခဲ့ပြီး စားအုန်းဆီရောင်းချဖြန့်ဖြူးရာတွင် ဌာနမှ သတ်မှတ်နေရာများသို့ အမှန်တကယ်ရောက်ရှိစေရေး၊ ဒေသတွင်းလုပ်ငန်းများ ထုတ်လုပ်ရာတွင် အဆင်ပြေချောမွေ့စွာလုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ဈေးနှုန်း မှန်ကန်စေရေး၊ စားအုန်းဆီပြတ်လပ်မှုမရှိစေရေး ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချပေးရေး၊ ကုန်ချိန်အပြည့်အဝရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းမပြုလုပ်ရန် ဆီဝယ်ယူ စာအုပ်ဖြင့်စနစ်တကျရောင်းချပေးရေးအသိပညာပေးဆွေးနွေးပြီး ညွှန်ကြားချက်နှင့်အညီရောင်းချခြင်း မရှိပါကတရားဥပဒေအရစိစစ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးမှာကြားဆွေးနွေးခဲ့ပြီး မအူပင်မြို့နယ်တွင် ကျင်းပပြုလုပ်စဉ်က လုပ်ငန်းရှင် ၂၈ဦးတက်ရောက်၊ ပန်းတနော်မြို့နယ်တွင် ကျင်းပစဉ်က လုပ်ငန်းရှင် ၃၈ဦးတက်ရောက်၊ ဓနုဖြူမြို့နယ်တွင် ကျင်းပပြုလုပ်စဉ်က လုပ်ငန်းရှင် ၄၅ဦးတက်ရောက်၊ ညောင်တုန်းမြို့နယ်တွင် ကျင်းပပြုလုပ်စဉ်က ၄၀ဦး တက်ရောက်ခဲ့ကြောင်း လုပ်ငန်းရှင်များမှလည်း သိလိုသည်များ မေးမြန်းဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)