လေးမျက်နှာမြို့နယ် ကုန်မျိုးစုံဆိုင်နှင့် MSME လုပ်ငန်းရှင်များအား စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ အသိပညာပေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ် မတ်လ(၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့ပေါ် ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်နှင့် MSME လုပ်ငန်းရှင်များအား စားအုန်းဆီဖြန့်ဖြူးမှု၊ ရောင်းချမှုနှင့် စက်မှုလုပ်ငန်းသုံးဆီ သုံးစွဲမှုတို့နှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက လေးမျက်နှာမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိရာ စားသုံးသူပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေးရည်ရွယ်၍ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာရပ်ကွက်အလိုက်  ဝယ်ယူရမည့် လက်လီအရောင်းဆိုင်၊ အိမ်ထောင်စုများအတွက်  စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက်ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်မှုလုပ်ငန်းသုံး ဆီဖြန့်ဝေရာတွင်လည်း လုပ်ငန်း ကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ်လိုအပ်သောဆီများ ထုတ်ယူသုံးစွဲနိုင်ရေး၊   စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ အခွင့်အရေးအား အပြည့်အဝရရှိစေရန်  ရည်ရွယ်ကြောင်း၊ မိမိတို့မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအတွက် စားအုန်းဆီများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရရှိအောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားပြီး ဖြစ်သည့်အတွက် ၎င်းဆီများအား သုံးစွဲရာတွင် မှန်မှန်ကန်ကန် သုံးစွဲကြရန်၊ မိမိတို့အတွက် အမှန်တစ်ကယ်လိုအပ်သော ဆီခွဲတမ်းများကို ဝယ်ယူသုံးစွဲကြစေရန် ဝန်ထုတ်ဝန်ပိုမဖြစ်စေဘဲ   အမှန်တစ်ကယ်သုံးစွဲ‌နေသော လိုအပ်ချက်စာရင်းကိုသာတင်ပြလျှောက်ထာနိုင်ကြောင်း စသည်တို့ကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)