
(၁၈.၂.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့မဈေးတာဝန်ခံ နှင့်ပူးပေါင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တိုက်ကြီးမြို့မဈေးတွင် ရောင်းချနေသည့် စားသုံးဆီ အမှတ်တံဆိပ်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တိုက်ကြီးမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ တွင် ရောင်းချနေသော စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးမှာ Meizan၊ Lotus၊ Goody၊ ရန်ကုန်၊ Duck နှင့် ရွှေအုံတို့ကို စစ်ဆေးခဲ့ပြီး အဆိုပါ စားသုံးဆီများမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော် ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
