အင်္ဂပူမြို့မစည်ပင်သာယာဈေးအတွင်း မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး လုပ်ငန်းကြီးကြပ်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မြို့မစည်ပင်သာယာဈေး၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်း ရေး လုပ်ငန်းကြီးကြပ်အဖွဲ့ နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဘိုဘို   ပါဝင်သော အဖွဲ့သည် ဈေးတည်ဆောက်ထားမှု အခြေအနေ၊  ဈေးပတ်ဝန်းကျင် သန့်ရှင်းမှု ရှိ/မရှိ၊ စည်ပင်သာယာ ဈေးအတွင်းရောင်းချသည့် အစားအသောက်များတွင် တာရှည်ခံ ဆေးများ၊ ဓါတုဆိုးဆေးများသုံးစွဲမှု ရှိ/မရှိ၊ ဈေးနှုန်းဈေးကွက်အခြေအနေ စသည်တို့ကို ရှောင်တခင် စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးသူတို့ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ခြင်း၊ ဓါတုဆိုးဆေး သုံးစွဲထားသော ကုန်စည်များ ရောင်းချမှု မရှိကြောင်း၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာလည်း မြှင့်တင်ရောင်းချမှုမရှိဘဲ ပုံမှန်အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် အင်္ဂပူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်း ရေး လုပ်ငန်းကြီးကြပ်အဖွဲ့ တာဝန်ရှိသူများမှ ဈေးပတ်ဝန်းကျင်သန့်ရှင်းစေရေး၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်စေခြင်း၊ စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံး ပြု နိုင်ရေး စသည်တို့ကို အလေးထားဆောင်ရွက်ပေးစေလိုကြောင်း အရောင်းဆိုင်လုပ်ငန်းရှင် များအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)