
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၄.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၅:၀၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ကုန်မျိုးစုံအရောင်းဆိုင်နှင့် စတိုးဆိုင် များတွင် ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ ၏ထောက် ခံချက်ဖော်ပြထားမှုရှိ/မရှိ၊မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကို သာ ရောင်းချရန်နှင့် အလှကုန်ပစ္စည်းအမျိုးမျိုးတွင်(၁၀ ဂရမ်အထက်နှင့် ၁၀ ဂရမ် အောက်) ကုန်စည် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်း ဆည်းမှုအညွှန်း စသည်တို့ကို မြန်မာဘာသာဖြင့်ဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော စာလုံး အရွယ်အစားဖြင့် ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊တားမြစ်ချက်များနှင့် စသည်တို့ကိုအသိပညာပေးပြောကြားခဲ့ပြီးဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
