
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၂:၄၅) အချိန်တွင် အင်္ဂပူမြို့နယ်၊ မကျီးကုန်းအုပ်စု၊ ရွေတောင်စုကျေးရွာတွင် ပြည်သူ(၅၂)ဦးအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြ ထားသော ကုန်စည်များကိုသာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် Consumer Call Center သို့ဆက်သွယ် မေးမြန်းနိုင်စေရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း များနှင့်ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ အစားအသောက်များနှင့်လူသုံး ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူ သုံးစွဲ သင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာရွေးချယ် ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက်စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင် ကြားနိုင်ကြောင်းကိုလည်းကောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင် ရွက် ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသေးစိတ်ပြောကြားခဲ့ပြီး နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
