လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်၊ စက်သုံးဆီအရောင်းဆိုင်များတွင် အရည်အသွေးစံမမီသည့် စက်ဆီ၊ ချောဆီများဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊လပွတ္တာခရိုင်မော်လမြိုင်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည်(၄.၂.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့နယ်တာဝန်ခံမှ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များအား စက်ဆီ၊ ချောဆီနှင့်ဆက်စပ် ပစ္စည်းလုပ်ငန်းများအသင်းမှ ဈေးကွက်အတွင်း PPRD ၌ မှတ်ပုံတင်ထားခြင်းမရှိပဲ အရည်အသွေးမမှန်ကန်သော အာမခံချက်မရှိသည့် စက်ဆီ၊ ချောဆီများအား ရေသန့် ဘူးများ၊ ပြည်တွင်းထုတ်ဘူးများတွင် ထည့်သွင်း၍လည်းကောင်း၊ တရားဝင်တင်သွင်းသည့် ကုန်အမှတ်တံဆိပ်များနှင့် ဆင်တူယိုးမှားကပ်နှိပ်၍လည်းကောင်း၊ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ထိုစက်ဆီ၊ချောဆီများကိုအသုံးပြုခြင်းဖြင့်သုံးစွဲသူတို့၏ယာဉ်၊စက်ယန္တရားများပျက်စီးဆုံးရှုံးမှုဖြစ်စေနိုင်၍သုံးစွဲသူများထိခိုက်နစ်နာမှုရှိလာပါကလည်းတာဝန်ခံမှု၊တာဝန်ယူမှုမရှိပါကြောင်းနှင့်ပြည်သူများအနေဖြင့်ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေး ပြည့်မီပြီးအာမခံချက်ရှိသောစက်ဆီ၊ ချောဆီများရွေးချယ်သုံးစွဲနိုင်ရေးအတွက် မိမိတို့ဌာနအနေဖြင့် စားသုံးသူများနစ်နာမှုမရှိစေ ရေး ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)