မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၃.၂.၂၀၂၆)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်အစားအ​သောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနနှင့်ပူး​ပေါင်း၍ မြန်အောင် မြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံးဆေးဝါးအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်များသို့ သက်တမ်းလွန်ဆေး များ/တားမြစ်ပိတ်ပင်ထားသည့် ဆေးများရောင်းချနေခြင်းရှိ/မရှိ အဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော အိမ်သုံးဆေးဝါးများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်း မရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ် လျဉ်း ၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ အရောင်းဆိုင် (၈)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)