တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ စက်မှုလုပ်ငန်းသုံးစားအုန်းဆီတင်သွင်းဖြန့်ဖြူးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တက်ရောက်ခြင်း

Powered by Drupal

 

          ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကျင်းပသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီတင်သွင်းဖြန့်ဖြူးခြင်း ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် စက်မှု လုပ်ငန်းသုံးစားအုန်းဆီ တင်သွင်းဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရှင်းလင်းဆွေးနွေးခြင်းနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်များမှ ရှင်းလင်းဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)