ကံ့ကော်ပန်းပွင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

    ကံ့ကော်ပန်းသည် လူကြိုက်များပြီးထင်ရှားသော ပန်းတစ်မျိုးပင်ဖြစ်သည်။ ကံ့ကော်ပန်းရနံ့မှာ အလွန်မွှေးကြိုင်ပြီး အမြဲစိမ်းလန်းစိုပြေနေသည့် အရိပ်အာဝါသကောင်းသော ဆေး ဖက်လည်ဝင်သည့် သစ်မာပင် ဖြစ်သည်။ကံ့ကော်ပန်း စိုက်ပျိုးထွက်ရှိရာ အထက်မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြသည်။စိုက်ပျိုးပြီးတစ်နှစ်အကြာတွင်ပန်းပွင့်များပွင့်လာပြီး သက်တမ်းကြာလာသည့် အခါရာသီဥတုပေါ်မူတည်၍ ပန်းပွင့်များ လှိုင်လှိုင်ပွင့်လာပါသည်။ ကံ့ကော်ပန်းများ ခူးဆွတ် ရာတွင်နံနက်ပိုင်းတွင်ခူးဆွတ်သောပန်းသည် အရောင်အဆင်းအနံ့ပိုမိုကောင်းမွန်ပြီး ရောင်းပန်း လှမှာဖြစ်ပါသည်။၂၀၂၆ ခုနှစ်၊ဇန်နဝါရီလမှစ၍ ကံ့ကော်ပန်းပွင့်များကို ဈေးကွက်တွင် တွေ့ရှိရပြီး ကံ့ကော်ပန်းပွင့်(၅)ပွင့်ပါ (၁)ကုံးလျှင် ကျပ်(၇၀၀) မှ (၈၀၀)နှုန်း၊ (၃)ကုံးလျှင် ကျပ် (၂၀၀၀)နှုန်း ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)