
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လွိုင်လင်မြို့ပေါ်ရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်း မြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကိုလိုက်နာ ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ် ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်း တည်ငြိမ်ပြီး ပုံမှန်လည်ပတ်ဖြန့်ဖြူး ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
