အရှေ့ဒဂုံမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    (၄.၂.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ အရှေ့ဒဂုံမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များသို့ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေမှုရှိ/မရှိကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် အရှေ့ဒဂုံမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ ခွဲတမ်းရရှိသည့်ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးခြင်းရှိ /မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီလက်လီ/လက်ကားကိုယ်စားလှယ်များအနေဖြင့် ခွဲတမ်းရရှိထားသော စားအုန်းဆီများကိုသတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် စားအုန်းဆီလက်လီ/လက်ကားရောင်းချလျက်ရှိသောလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများမြင်သာထင်သာရှိသောနေရာတွင် ဆိုင်းဘုတ် တင်ရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည် ညွှန်းဈေးနှုန်းအပေါ် (၂%)အမြတ်တင်ရောင်းချနေမှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ရန်ကုန်)