မြင်းခြံမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊နွေစပါးများစတင်စိုက်ပျိုးနေကြောင်း

Powered by Drupal

     မြင်းခြံမြို့နယ်သည် ဆည်ရေသောက်အသင့်တင့်ရှိပြီး မိုးကောင်းသောက်ယာများတွင် နွေစပါးများကို နိုဝင်ဘာလ၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့်‌ ဖေဖော်ဝါရီလများတွင် စိုက်ပျိုးပြီး ဇန်နဝါ ရီလ၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။   ဒေသတွင်း ဝမ်းစာဖူလုံစေရန် စိုက်ပျိုးထားကြောင်း သိရှိရသည်။ နွေစပါးများကို ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စတင်စိုက်ပျိုးပြီး မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့တွင် စတင်ရိတ်သိမ်း ကြောင်းသိရှိ ရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် မြင်းခြံမြို့နယ်၌ နွေစပါးစီမံကိန်း (၂၀၅၀)လျာထားဧကအနက် စိုက် ပျိုးပြီးဧက(၂၅)စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများဆက်လက် စိုက်ပျိုးနေ ကြောင်း  မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စီမံကိန်းလျာထားချက်နှင့်အညီ ရာနှုန်းပြည့်မီအောင် ဆက်လက်စိုက်ပျိုးနေကြောင်းသိရှိရသည်။ ဖြစ်ကြောင်း၊ အောင်နိုင်တိုး မျိုးနှင့် မနောသုခ စပါးမျိုးများကိုသာစိုက်ပျိုးကြောင်း၊ ကျားတိုင်ရွာ၊ ငါ့နန်းရွာ၊ အနိမ့်၊ ခေါင်းကွဲရွာ၊ ဆုံရွာ၊ ဖက်ပင်အိုင်ရွာနှင့် ကတောကျေးရွာတို့တွင် ‌ဒေသတွင်းစားသုံးရန် နွေးစပါးများစိုက်ပျိုး ထားကြောင်း၊ ယခင်နှစ်နွေစပါး အထွက်နှုန်းအနေဖြင့် (၈၃) တင်းခန့် ထွက်ရှိခဲ့ကြောင်း၊  ယခင်နှစ် မနောသုခစပါး ထွက်ပေါ်ချိန်၌ တစ်တင်းခွဲ တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ခန့်ပေါက် ဈေးများဖြင့် ဒေသအတွင်း၌သာအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် ရာသီဥတုကောင်းမွန်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်ကြောင်း နွေစပါးစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)