ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော မြန်မာ့လက်မှုလက်ရာဝါးနှီးထွက်ပစ္စည်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြန်မာ့လက်မှုပစ္စည်း ထန်းလျှော် နှင့်ဝါးနှီးထွက်ပစ္စည်းများ ရောင်းချလျက်ရှိရာ ဈေးနှုန်းဈေးကွက်အခြေအနေများ သိရှိနိုင်ရန်ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် ဈေးဆိုင်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

           ထန်းလျှော်ဖြင့်ရက်လုပ်ထားသည့် ထန်းလျှော်ဖျာ()ချပ်လျှင် အသေး၊ အကြီးပေါ်မူတည်၍ (၂၅၀၀၀မှ ၃၀၀၀၀)ကျပ်ထိ ရောင်းချရကြောင်း၊ အခြားအသုံးအဆောင် ပစ္စည်းများဖြစ်သည့် ထန်းခေါက်ထိုင်ခုံ()တစ်လုံးလျှင် (၁၅၀၀၀)ကျပ်၊ ထန်းလျှော်တောင်းအကြီး ()လုံးလျှင် (၁၀၀၀၀) ကျပ်၊ အသေး()လုံးလျှင် (၅၀၀၀မှ ၇၀၀၀)ကျပ်၊ ဝါးနှီးဖျာအချော()ချပ်လျှင် (၄၀၀၀၀)ကျပ်နှင့် အကြမ်း()ချပ်လျှင် (၂၃၀၀၀မှ ၃၀၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဝါးနှီးခမောက်အသေးအကြီး ပေါ်မူတည်၍ (၃၀၀၀မှ ၅၀၀၀)ကျပ်၊ ဂျုံခမောက်()ချပ်လျှင် (၄၅၀၀)ကျပ်၊ ဇကော()ချပ်လျှင်  (၆၅၀၀)ကျပ်၊ ဇကာ()ချပ်လျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ပစ္စည်းများမှ ဒေသတွင်းမှ အနည်းငယ်ထွက်ရှိပြီး ရွှေဘိုမြို့နှင့် အခြားဒေသများမှ ဝယ်ယူရောင်းချကြောင်း ဝါးနှီးနှင့် ထန်းလျှော်ထွက်ပစ္စည်း အရောင်းဆိုင်မှ သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)