
မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆန်စပါးကုန်သည်များသင်း၊ မြို့နယ်အဆင့်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ (၂၈.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆန်ဈေးနှုန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ဆန်ဆိုင်များတွင် ဆန်လက်ကျန်အခြေအနေများ၊ ရောင်းချနေသော ဆန်အမျိုးအစားများ၊ ရောင်းချနေသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ခြင်း ရှိမရှိစစ်ဆေးခြင်း၊ ဆန်ဈေးကွက်အ တွင်း ဈေးနှုန်းတည်ငြိမ်မှန်ကန် စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်အား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
