ဟင်္သာတခရိုင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့မှ စားအုန်းဆီလက်လီ/လက်ကား ရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ လက်ကား/လက်လီကုန်မျိုးစုံ ဆိုင်များနှင့် ဆီစက်များတွင် စားအုန်းဆီများအား ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စုအလိုက် ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိနှင့် မြေပဲဆီများစျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး၊ ဟင်္သာတမြို့နယ်တာဝန်ခံ၊ဧရာဝတီတိုင်းဒေသကြီးဆီအသင်းအဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ (၂၇.၁.၂၀၂၆)ရက် နေ့လည် (၁၃:၃၀) အချိန်တွင် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဟင်္သာတခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ် ဆင့် ခွဲတမ်းရရှိသောဆီများအား ကုန်မျိုးစုံအရောင်းဆိုင်  ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီသတ်မှတ်ရည်ညွှန်း ဈေးထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ စာအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့်တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် (၃)ကြိမ်ရောင်းချလျက်ရှိကြောင်း၊ ဈေး ကွက် အတွင်း‌ရောင်းချလျက်ရှိသော မြေပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၆၀၀၀/- ကျပ်နှုန်း ဖြင့် သာ ရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)