ကြို့ပင်ကောက်မြို့တွင် 10g အောက် အလှကုန်ပစ္ဏည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၃ရက်နေ့တွင် ဘူတာရုံလမ်းဈေးအပြင်ဘက် မိုမိုကုန်အလှကုန်ဆိုင်၊ လမ်းမတော်လမ်း ဦးဇေယျာကြီးစတိုးဆိုင်နှင့် ကျောင်းကြီးလမ်းရှိ Orchid အလှကုန်ဆိုင် စုစုပေါင်းဆိုင် (၃) ဆိုင်တို့အား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည်  (10)g အောက်အလှကုန်ပစ္စည်းအမျိုးမျိုးတို့၏ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါရှိမှု ရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ရောင်းချသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါလုပ်ငန်းများ၏ တာဝန်များကိုသိရှိနိုင်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)