
သောကြာနေ့တိုင်း တစ်ပတ်တစ်ကြိမ် စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ်(၂၃.၁.၂၀၂၆) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၃၆၀ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၃၂၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၂၈၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၅၉၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၃၃၅ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၂၉၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၁၆၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာ မှာ ၂၅၁၀ ကျပ် ဖြစ်ကြောင်း၊ စက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်) မှာ ၈၅ ကျပ် ဈေးနှုန်းတက်ပါကြောင်း၊ ဒီဇယ်(ရိုးရိုး) မှ ၁၂၀ ဈေးနှုန်းတက်ပါကြောင်း၊ ဓါတ်ဆီ (အဆင့်မြင့်) မှာ ၂၅ ကျပ်ဈေးနှုန်းတက်ပြီး ဓါတ်ဆီ(ရိုးရိုး) မှာ ၃၅ ကျပ် ဈေးနှုန်းတက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
