
နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ တာပွန်လမ်းရှိ ရတနာမှူး အိမ်ဆောက်ပစ္စည်းဆိုင်သို့သွားရောက်၍ ၂၀၂၆ခုနှစ် ဇန်နဝါရီလ တတိယပါတ်အတွင်း အိမ်ဆောက်ပစ္စည်းဈေးနှုန်းများ အတက်အကျရှိ/ မရှိ ဈေးနှုန်းစုံစမ်းခဲ့ပါသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် ရောင်းချနေသော အိမ်ဆောက်ပစ္စည်းဖြစ်သော ကြံ့တံဆိပ်ဘိလပ်မြေ တစ်အိတ်(၂၁၀၀၀)ကျပ်၊ လက်အုတ်တစ်လုံး(၃၂၀)ကျပ်၊ မြစ်သဲ တစ်ကျင်း (၇၀၀၀၀)ကျပ်၊ ကျောက် တစ်ကျင်း(၁၄၀၀၀၀)ကျပ်၊ ပြည်တွင်းဖြစ် (မောင်းတကာ) သံချောင်း (၃)မူးတစ်တန် (၁၇၅၀၀၀၀)ကျပ်၊ (၅)မူး တစ်တန် (၁၆၇၀၀၀၀)ကျပ်၊ (၆)မူး တစ်တန်(၁၅၉၀၀၀၀)ကျပ်၊ ကြယ်စိမ်းသွပ်(အစိတ်) တစ်ပေ(၁၄၅၀)ကျပ်၊ အိမ်ရိုက်သံအမျိုးမျိုး တစ်ပိဿာ(၉၀၀၀)ကျပ်၊ သွပ်ရိုက်သံ တစ်ပိဿာ(၁၀၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိပါကြောင်း သိရှိရပါသည်။
အိမ်ဆောက်ပစ္စည်းဈေးနှုန်းများမှာ မြစ်သဲနှင့် ကျောက်သည် ဝယ်ယူရသောနေရာဒေသ အကွာအဝေးပေါ်မူတည်၍ ဈေးနှုန်းအတက်အကျ အနည်းငယ်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
