စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် MSME အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပြီးခဲ့သည့် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် MSME အသေးစား၊    အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ (၁၇.၁၁.၂၀၂၂) ရက်နေ့တွင် တိုင်းဒေသကြီး ပြည်သူ့ အားကစားကွင်း၌ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။ ကုန်စည်ပြပွဲကို (၁၇.၁၁.၂၀၂၂) ရက်နေ့မှ (၁၉.၁၁.၂၀၂၂) ရက်နေ့ထိ ( ၃ )ရက်ကြာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ကုန်စည်ပြပွဲတွင် ရွှေဘိုပေါ်ဆန်းဆန်နှင့်ထုတ်ကုန်များ၊ အညာဒေသထွက် သနပ်ခါးနှင့်ဒေသထွက်ကုန်ပစ္စည်းများ၊ စက်မှုလက်မှုထုတ်ကုန်များ၊ စားသောက်ကုန်ပစ္စည်းနှင့်အသုံးအဆောင်ပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများကို ခင်းကျင်းပပြသခဲ့ကြပြီး လာရောက်ကြည့်ရှုသူများကို အအေး၊ လက်ဖက်ရည်နှင့် မုန့်အမျိုးမျိုးဖြင့်လည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့နှင့်လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)