
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာနတို့နှင့် ပူးပေါင်း၍ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ MILK POWER ဒိန်ချဉ်လုပ်ငန်းအား ထုတ်ကုန်မျာ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် MILK POWER ဒိန်ချဉ်သည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုသန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကိုလိုက်နာဆောင် ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
