
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လစဉ်ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့် Thursday Talk အသိပညာပေးဟောပြောပွဲအခမ်းအနားကို inperson အရာထမ်း ၄ ဦး၊ အမှုထမ်း၁၈ဦး၊ လုပ်အားပေး ၅ဦး၊ online အနေဖြင့် ဒုတိယပြည်နယ်ရုံးများ၊ ဒေသဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံးများ တက်ရောက်ခြင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး စတင်ခဲ့ပါသည်။ ဒုတိယပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများ၊ ပြည်နယ်ဦးစီးမှူးရုံးရှိ ဌာနခွဲများအလိုက် ဆန္ဒဖော်ထုတ်ပြီး ပြည်နယ်ဦးစီးမှူးမှ လမ်းညွှန်ချက်များကို ဖတ်ကြားရှင်းလင်းခြင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ချပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဒေါ်နန်းသီတာအောင် (အကြီတန်းစာရေး) မှ “ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ အစည်းအဝေးကို ဆွေးနွေးဆုံးဖြတ်ချက်များနှင့် အတူ လစဉ်ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့် Thursday Talk အသိပညာပေးဟောပြောပွဲ အခမ်းအနားကို နေနေ့လယ်(၁၅:၄၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
