
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစားဆောင်ရွက်လျက်ရှိရာ ၁၂.၁.၂၀၂၆ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်၊ ဈေးအပြင်တန်းရှိ ဈေးဆိုင်များတွင် အလှကုန်ပစ္စည်း အမျိုးမျိုး (၁၀ ဂရမ်နှင့် အောက်) တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်၊ ဈေးအပြင်တန်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဈေးကွက်ထဲ၌ အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀ ဂရမ်နှင့် အောက်) တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော အလှကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပါသည်။ စစ်ဆေးချက်များအရ ကျောက်တံခါးမြို့နယ်၊ ဈေးအပြင်တန်းရှိ ဈေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကာ သက်တမ်းလွန်အလှကုန်ပစ္စည်းများ ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
