
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့ နံနက် (၁၃:ဝဝ) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေကြမ်းစိစစ်ရေးဦးစီးဌာန၊ မူပိုင်ခွင့်ဉီးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာကျွမ်းကျင်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးသူရေးရာဉီးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အတွင်းရေးမှူးက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ၏ ဆုံဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေတင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခြင်း၊ အမှာစာများဖတ်ကြားတင်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဌက အမှာများအပေါ် အဆုံးအဖြတ်ပေးခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့များက ဆွေးနွေးတင်ပြခြင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဌများက ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာသူများက အထွေထွေဆွေးနွေးခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
