ဈေးကွက်အတွင်းရှိ အမှတ်တံဆိပ်ပါ စားသုံးဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၇.၁.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ City Martများ၊ ဆီအရောင်းဆိုင်များသို့ သွားရောက်၍ အမှတ်တံဆိပ်ပါ စားသုံးဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ စားသုံးဆီဗူးများဖြစ်သော သူကြီးကတော်(သဘာဝမြေပဲဆီစစ်စစ်)၊ ရွှေ(မြေပဲဆီသန့်)၊ City Selection(မြေပဲဆီ)၊ ရွှေအုံ (မြေပဲဆီသန့်)၊ ဧရာဝတီ(မြေပဲဆီသန့်)နှင့် Meizan (အဆင့်မြင့်ဟင်းသီးဟင်းရွက်ဆီ) စသည့်အမှတ် တံဆိပ်များတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏အမျိုးအမည်၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့် ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)