
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဒီဇင်ဘာလ(၂၄) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မြစ်သားမြို့နယ်၊ ရေဝန်းကျေးရွာရှိ သွန်းသွန်းစာကလေးခွေကြော်လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်ဒေါ်ညိုညိုနှင့် တွေ့ဆုံ၍ စာကလေးခွေကြော်ထုတ်လုပ်ရာတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များနှင့် အခန်း၁၈ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန်နှင့် ကုန်ပစ္စည်းများအား Online ပေါ်မှတဆင့် ဖြန့်ဖြူးရောင်းချမည်ဆိုပါက Online Registration လျှောက်ထားရမည်ဖြစ်ကြောင်း၊ အခက်အခဲများရှိပါက ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
