စားသုံးသူရေးရာဉီးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် သာယာဝတီခရိုင်အတွင်: စပါးဝယ်ယူမှုကိုစစ်ဆေးကြပ်မတ်

Powered by Drupal

      လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့တွင် အတွင်းရေးမှုးဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်းသည် ပဲခူးတိုင်းဒေသကြီးစပါးဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့တွင် အတွင်းရေးမှူးဖြစ်သည့် ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၁၈ ရက်နေ့တွင်  သာယာဝတီမြို့နယ် ဂုံမင်းမြောင်ကျေးရွာနေ ဦးသန်းစိုး၏ ရွှေမြတ်ချယ် ဆန်စက်သို့သွားရောက်ပြီးစပါးဝယ်ယူမှုကိုကြပ်မတ်စစ်ဆေးခဲ့ပါသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ်တင်ဒါအောင်မြင်သည့် ဇီးကုန်းမြို့ရွှေတောင်တတ်(၂)လမ်း၊ အမှတ်(၄)နေဦးကျော်ဦးစိမ်းလန်းမြေဆန်စက်သို့ လည်းကောင်း  သွားရောက်၍စပါးဝယ်ယူမှုများကိုကြပ်မတ် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ခင်ခင်ထိုက်(သာယာဝတီ)